မူလစာမျက်နှာ .......အဆုံးမဲ့လွမ်းချင်း ......ဓါတ်ပုံ ......Vdieoသီချင်း ......photo gallery

Thursday, February 14, 2008

ချစ်သူအတွက် (အဆုံးမဲ့လွမ်းချင်း)

Glitter GraphicsGlitter GraphicsGlitter Graphics

ချစ်သူ....
~~~မင်းဟာ ငါ့ကို ရင်ခုန်စရာကောင်တဲ့ ဒီ valentine's day ကို ကျွမ်းဝင်စေခဲ့တယ်၊
~~~ချစ်စရာကောင်းတဲ့ နှင်းဆီ တွေနဲ ကြည်နူးမူ့တွေ ပေးခဲ့တယ်။

ချစ်သူ....
~~~မင်းဟာ ငါ့ကို ပျော်ရွှင်စရာကောင်းတဲ့ ဒီ valentine's day မှာ ပါဝင်ကပြစေခဲ့တယ်၊
~~~သာယာပြော့ပျောင်း တဲ့ ကကြိုး တွေနဲ့ ငါကို တွဲခေါ်ခဲ့တယ်။

ချစ်သူ...
~~~မင်းရေးဖွဲ့ခဲ့တဲ့ ဒီဇတ်လမ်းမှာ မင်းဘာလို့ အဆုံးထိပါဝင်ခွင့် မရခဲ့တာလဲ..၊
~~~အလွမ်း ခန်းတွေကို မင်းဘာလို့ ငါ့တစ်ယောက်တည် ကစေခဲ့တာလဲ။

ချစ်သူ...
~~~မင်းဟာ ငါ့ကို ဒီ valentine's day တိုင်းမှာ ဆိုနင့် ကြေကွဲစေခဲ့တယ်၊
~~~ချစ်စရာကောင်းတဲ့ နှင်းဆီ တွေကို ကြောက်ရွံစေခဲ့တယ်။

ချစ်သူ....
~~~မင်းပေးခဲ့တဲ့ နှင်းဆီတွေက ငါကို တသက်လုံး ထုံမူးရီဝေစေခဲ့ပြီ၊
~~~မင်းရဲ့ဆူတွေနဲ့ ငါ့ရဲ နှလုံးသားမှာ ချစ်ရာတွေ နဲ့ ပြည့်နေပြီ။

ချစ်သူ....
~~~မင်း... အတွက် မပေးလိုက်ရတဲ့ valentine's day လက်ဆောင် ကို မင်ရဲ့နဘေးမှာ ဖြန်ထားလိုက်ပါမယ်...
မင်းထွေးပွေ့ယူပါတော့ ချစ်သူ...
"မောင်... ဒီနေ့ valentine's day နော်" လို့... မင်းပြောခဲ့တဲ့ မင်းအသံလေးကို နားထောင်ခွင့်ရှိသေးရင်........





မင်းမြတ်ဘုန်း

1 Comment:

JaCk said...

greetings from Italy ;d